စိတ်ဖိစီးမှုကြောင့် ကိုက်နေတဲ့ ခေါင်း သက်သာစေဖို့ရာ
စိတ်ဖိစီးစရာတွေ စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ရှုပ်စရာတွေက ခေါင်းကိုက်စေနိုင်သလို အမျိုးမျိုးသော ကျန်းမာရေး အခြေအနေတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ ဖိစီးမှု များတာကောင့် ခေါင်းကိုက်တာက စိတ်ရှုပ်စရာတွေ ကြောင့် ဖြစ်နိုင်သလို တစ်နေ့တာရဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အလုပ်ခွင်ဖိအား၊ အချစ်ရေးကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ အမျိုးမျိုးသော ဘဝစိန်ခေါ်မှုတွေကြောင့် ခံစားရနိုင်တဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အိပ်ရေးဝဝ အိပ်ပါ
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နေတာကို သက်သာစေဖို့ဆိုရင်တော့ မှောင်မိုက်ပြီး အေးဆေးတိတ်ဆိတ်တဲ့ နေရာမှာ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်ရေးဝတာက ဖိအားကြောင့် ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အိပ်ရေးဝဝ အိပ်လိုက်ပါ။
စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင်တော့ သီချင်း နားထောင်တာမျိုး၊ ဝင်လေ ထွက်လေ မှတ်တာမျိုး၊ စာဖတ်တာမျိုးတွေ လုပ်ပြီး စိတတ်ဖိစီးမှုကို ပြေလျော့စေဖို့ လုပ်ဆောင်ပေးတာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
စခရင်မ်တိုင်း လျှော့ချလိုက်ပါ
ဖုန်းသုံးများတာ၊ ကွန်ပျူတာ အသုံးများတာတွေက မျက်လုံးညောင်းစေသလို ဖိစီးမှု များစေပြီး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်လာပြီဆိုရင်တော့ စခရင်မ်တိုင်းမ် ကို လျှော့ချလိုက်ပါ။
ရေဝဝသောက်လိုက်ပါ
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေဝဝသောက်လိုက်တာက ဦးနှောက်ဆီကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
အကြောလျှော့ လေ့ကျင့်ခန်း လုပ်ပါ
ချွေးထွက်သွားအောင် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် အကြောလျှော့တာမျိုး ဖြစ်ဖြစ် လုပ်ပေးတာကာ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
သစ်သီးတွေ စားပေးပါ
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ အရည်ရွှမ်းရွှမ်း သစ်သီးလေးတွေကို စားပေးတာက နည်းလမ်းကောင်းတစ်ခုပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရည်ရွှမ်းတဲ့ သစ်သီး လတ်လတ်ဆတ်ဆတ်လေးတွေကို စားပေးပါ။
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်လာပြီဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လိုက်ပါ။
မွန်မွန်